DMO-PDF

လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ " ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်" ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း…
Read More
DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀)…
Read More
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီးပြည် (ကယား) ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF) ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် PDF ၊ KGZ၊ KNDF နှင့် အခြား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် (၉) နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ကြီး ပစ်ကူယူသလို ဂျက်ဖိုက်တာ တိုပ်လေယာဉ် ၂…
Read More