NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။

နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။

တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၆) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) PRF – People’s Revolution Supply Family အစီအစဥ်၏ ၂၁ လတာ (၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်) ကောက်ခံ ရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့သည်ဟု သိရသည်။

#RedNewsAgency

By Editor