ရဲဘော်ကျဆုံး

ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။ (more…)
Read More
နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။   ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်…
Read More
Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်း‌တော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ် ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။ ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။ (more…)
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More
တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force - TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။ Red News Agency
Read More