စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။
 
“ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို “AK47 MADE IN SAGAING” (သို့မဟုတ်) “SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။
 
“AK 47 MADE IN SAGAING”(သို့အဟုတ်) “SAGAING MADE AK47” ကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ပွဲဝင်ချေမှုန်းရေး သေနတ်တစ်လက်ဖြစ်အောင် အရည်အသွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယခုအောင်မြင်ထားသည့် AK 47 သည် တစ်တောင့်ချင်း သို့မဟုတ် အတွဲလိုက် ပစ်ခတ်နိုင်ကြောင်း၊ အားနည်းချက်သည် နီကယ်သတ္တုရည်စိမ်ထားသည့် ပြောင်းအစစ်မဟုတ်သည့်အတွက် မကြာခဏ သန့်ရှင်းရေး လုပ်ပေးရသည်ဟု သိရသည်။
 
#RedNewsAgency
By Editor