နယ်မြေရှင်းလင်းရေး

ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း -ဖောင်းပြင် နယ်စပ်၊ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် ပ.က.ဖ အင်အားစုများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ဟုမ္မလင်း -ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

RNA_ဧပြီ(၂၄)၊ ၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြောင်း သိရသည်။   ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် ဧပြီလ (၂၁) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဝင်ရောင်စဉ် စစ်ကောင်စီတပ်သားများနှင့် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More