Tag: ဒေါနစစ်ကြောင်း

  • တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

    တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

    RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၉၉) စစ်ကောင်စီတပ်စခန်းအား ဧပြီလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း စနိုက်ပါ တာဝန်ခံ ရဲဘော် စောဘိုလေး ကျဆုံးခဲ့ရကြောင်း သိရသည်။

    “ရဲဘော်သည် စစ်ကြောင်းအတွက် ချေမှုန်းရေးသာမက ခေါင်းဆောင်မှုပိုင်းတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်သည်သာမက တည်ဆောက်ရေး၊ အကျိုးပြုလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ထမ်းဆောင်ခဲ့သော ရဲဘော် ဖြစ်သောကြောင့် ရဲဘော်၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုအတွက် စစ်ကြောင်းအနေဖြင့် ယူကျုံးမရ နှမျှောတသဖြစ်ရပါသည်” ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

    ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


    စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354

    #RedNewsAgency

  • ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။
     
    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=uDzzJJ5XJSM[/embedyt]
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မ​တော် စစ်ကြောင်းများမှ ရဲဘော်များကို ကိုယ်ပိုင်နံပါတ် ယူနီဖောင်း လက်နက် စသည့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်နေကြောင်း သိရသည်။
     
    #RedNewsAgency

  • ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
    ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

    (more…)