04
Nov
RNA_နိုဝင်ဘာ(၄)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်းပိုင်း)၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ လယ်လန်းရွာတို့ကို အာဏာသိမ်းစစ်တပ်မှ နိုဝင်ဘာ (၃) ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အသက် (၉၀) အရွယ် မျက်မမြင်အဖွားအို ၁ ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့ရသည်။ အာဏာသိမ်းစစ်တပ်သည် မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လေဆိပ်မှ ဂျိုင်ရိုကောပတာ (၃) စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများဖြစ်သည့် ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ လယ်လန်းရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကျောက်ခွက်ရွာမှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ရပြီး၊ လယ်လန်ရွာမှ အသက် (၉၀) အရွယ် အဖွားအို သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။…