“ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”
ကျော်ရဲစံ
မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။
ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။
ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။
ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။
(more…)