စစ်ကောင်စီတပ်

လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

RNA_ဖားကန့်၊ မတ် (၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ကျော်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သော (၂) နှစ်ကျော်အရွယ် ကလေးငယ် ယောက်ကျားလေးမှာ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ ကလေးငယ်၏ မိခင်မှာ ဦးခေါင်းကျည်ထိထားကာ သတိလစ်မေ့မျောနေပြီး ကလေးငယ်၏ ဘယ်ဘက်လက်တစ်ဖက်မှာ ဖြတ်တောက်ကုသရမည့်အခြေအနေတွင်ရှိပြီး ကာယကံရှင်လက်မှတ်ထိုးမည့်သူမရှိ အခြားဆွေမျိုးသားချင်းများနှင့်ချိတ်ဆက်မရပဲ ဖြစ်နေကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။ (more…)
Read More
ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော…
Read More
စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာဘက်မှ အင်အားများသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဂဲပြန်ရွာနေ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် မဇလီ‌ကျေးရွာရှိ သံဃာ (၁) ပါးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၅) ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ထွက်ရှိလာပြီး အင်အားဖြည့်တင်းကာ မတ်လ (၁၆) ရက်နေ့တွင် ရွှေဂဲပြန်ကျေးရွာနှင့် မဇလီကျေးရွာဘက်ရောက်ရှိကာ အမျိုး သမီး (၁) ဦးနှင့် သံဃာ (၁) ပါးကို သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း Wetlet Informational Network ထံမှ သိရသည်။ (more…)
Read More
နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောတွင် စစ်ကောင်စီတပ်စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသည့်အတွက် ယနေ့ နံနက် (၇) ဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးကြောင်း KRU ကထုတ်ပြန်ထားသည်။ အင်အားအများအပြားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။ မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ (more…)
Read More
“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည် ■ BACS ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း…
Read More
နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။   စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။ (more…)
Read More
ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

RNA_မတ်(၁၃)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းတော်ကြီး (၃) ပါးနှင့် အရပ်သား (၂၅) ဦးတို့ကိုစစ်ကောင်စီတပ်သားများကိုပစ်သတ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ (၁၁) ရက်နေ့က နမ်းနှိမ်ကျေးရွာအနီးကို တိုက်လေယာဉ်ပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများကို ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ (၃၀) ကျော်မှ သေဆုံးရုပ်အလောင်း (၂၈) လောင်းတွေ့ရှိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။ (more…)
Read More
ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။ ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ - ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။ (more…)
Read More