Lucky Man Hotel & KTV

ဆိပ်မူကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်တောက်လျောက်ပစ်ခတ်နေသည့်အတွက် ရပ်သားသေဆုံးမှုရှိ

ဆိပ်မူကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်တောက်လျောက်ပစ်ခတ်နေသည့်အတွက် ရပ်သားသေဆုံးမှုရှိ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၆)၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ lucky men ဟိုတယ်ကို အခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA/KPDF တို့ ယနေ့နံနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူ တောက်လျောက်ပေးနေခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဆိပ်မူကို ဗုံးကြဲသွားခဲ့ပြီး၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ်နှစ်စီးဖြင့် ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာ ဆုတောင်းကုန်းတို့အား ဗုံးကြဲသွားခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာကို ထပ်မံမီးရှို့နေပြီး ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ် 

စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာကို ထပ်မံမီးရှို့နေပြီး ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ် 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ထပ်မံမီးရှို့နေပြီး ဆိပ်မူကျေးရွာ တဖက်ကမ်း ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ်ခတ်သည့်အတွက် ဆေးပေးခန်းတခုအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။ စစ်ကောင်စီက ယမန်နေ့က ဆိပ်မူကျေးရွာကို လေကြောင်းတိုက်ခိုက်သည့်အတွက် မီးလောင်မှုအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ညပိုင်းတွင် KIA/KPDF က စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့တွင် ညပိုင်း ကျည်လာရာလမ်းကြောင်းအတိုင်းလိုက်ပြီး မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောကြားထားသည်။ (more…)
Read More
ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

RNA_ဖားကန့်၊ စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)အား စစ်ကောင်စီီက လေယာဉ် နှစ်စီးဖြင့် ယနေ့ နေ့လယ် တစ်နာရီက ဗုံး (၆) လုံးကြဲသွားခဲ့သည့်အတွက် အပျက်အစီးများနှင့် အထိအခိုက်များရှိကြောင်း သိရသည်။ စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးဖြင့် ဆိပ်မူကျေးရွာအတွင်း ဗုံးခြောက်လုံး ကြဲချမှုတွင် ကျေးရွာအတွင်းအစောင့်ကျန်ခဲ့သူများ၊ ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။ (more…)
Read More
ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

RNA_ဖားကန့်၊ စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ Lucky Man Hotel & KTV ၌ KIA/KPDF အချို့အား စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာတွင် ကျောက်မျက်တူးဖော်ရးအတွက် လုပ်ကွက်တိုင်းတာခြင်း၊ အိမ်ရာမြေကွက်များတိုင်းတာခြင်းများ ယခုရက်ပိုင်း လုပ်ဆောင်နေသည်။   ဆန်ခါကျေးရွာတွင် ရွာလမ်းမ၏ တစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု၊ အခြားတစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု တူးဖာ်မည်ဖြစ်ပြီး စုပေါင်းကုမ္ပဏီပုံစံသွားမည်ဖြစ်ကြောင်း၊ ဆန်ခါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းများပါမကျန် တူးဖော်ရန် KIA မြေတိုင်းတာရေးအဖွဲ့က လုပ်ကွက်ဆွဲထားပြီး အလားတူ တစ်ဆက်တည်းရှိနေသည့် မဇွပ်ယန်ကျေးရွာရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းတို့ ပါဝင်သည်။ (more…)
Read More
တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။ စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက်…
Read More