အရပ်သားသေဆုံးမှု

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ "မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက"ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့်…
Read More
အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်   RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။   မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင်…
Read More
ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။   နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု…
Read More
အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၂ခုနှစ်။ ယနေ့ည ၈နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ဗဟိုကျောင်းအရှေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးသွား​ကြောင်း သိရသည်။ သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်း ရှေ့အနီးမှစစ်ဆေးနေသော အကြမ်းဖက်စစ်တပ်မှ သန်လျင်စျေးနာရီစင်ကနေ တစ်ဦးတည်းဆိုင်ကယ်မောင်း နှင်းလာသော ဟံသာဝတီလမ်းနေ အပြစ်မဲ့ပြည်သူ ကိုဇော်နိုင်ကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်နိုင်မှာ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း 𝐓𝐡𝐚𝐧𝐥𝐲𝐢𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬 ကသတင်း ထုတ်ပြန်ထားသည်။ ထိုပစ်ခတ်မူမတိုင်မီ အကြမ်းဖက်စစ်တပ်သည် ရေတပ်ကစစ်သားများဖြစ်ပြီး ဟံသာဝတီလမ်းထိပ်အနီးတွင် စစ်ဆေးနေကြောင်း၊ ထိုရေတပ် စစ်သားများ အရက်အလွန်အကျွံမူးနေကြောင်း၊ တချို့ဆိုင်ကယ်စီးလာသူများအား အင်္ကျီ ချွတ်ခိုင်းကာ စစ်သည်အထိပင် ပြုလုပ်နေကြောင်း ဖြစ်စဥ်ကိုမြင်တွေခဲ့ရသူတစ်ဦးပြောသည်။ (more…)
Read More
၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ၊ ၁၁ လအတွင်း စစ်ကောင်စီ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ဇန်နဝါရီ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပြီး၊ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး…
Read More