စဉ့်ကူးမြို့နယ်

သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်းမှ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့အား ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁၃) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် (၁) နာရီခန့်က ကံတောင်ကျေးရွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ (၁) ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် နွယ်ရုံကျေးရွာအားလေကြောင်း တိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ (၁၀)…
Read More
စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ

စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ

RNA_ဇူလိုင်(၉)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ချအလင်းဝင်သော ပသစ (ပျူ) တပ်ဖွဲ့များလည်းရှိကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ (more…)
Read More