မင်းဘူးခရိုင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် (၂) ရဲဘော်များက ဆုမွန်ကောင်းတောင်းခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီးမကွေး တိုင်း၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်အတွင်း မမန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုတို့ကြောင့် လူအသေအပျောက်ရှိခဲ့ပြီး ကျွဲနွားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံမှုများပြားခဲ့ကြောင်း သိရသည်။ "ပွင့်ဖြူမြို့နယ်မှာတော့ လူသေတာမကြားဘူး ယာတွေ ပျက်စီးသွာတယ်၊ တချို့ရွာတွေမှာ နေအိမ်တွေပျက်စီးသွားတယ်၊ စလင်း ဆက်ဖြူကျွန်းဘက်မှာတော့ လူတွေတာတွေရှိတယ်၊ အဲဒီဘက်က အပျက်အစီးပိုများတယ်၊ ကျွဲနွားတွေလည်း ‌သေတယ်၊ နေအိမ်ပျက်စီးတာတွေလည်း ရှိတယ်။ စကုဘက်က ရွာတွေမှာလည်း အပျက် အစီးရှိတယ်၊ လယ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေထဲထိ ရေဝင်တာ ရွာတွေဘက်ကတော့ ပြောစရာကို မလိုတော့ဘူး" ဟု ပွင့်ဖြူဒေသခံတဦးက ပြောသည်။ (more…)
Read More
သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDFများ မေလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေပြီး၊ PDF (၃) ဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်း ကွပ်ကဲရေးအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က  RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။ ” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့…
Read More