အင်းတော်မြို့နယ်

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ "တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်" ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။ (more…)
Read More
အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။ အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုများ (၈) လကျော်ကြာတိုက်ခိုက် ဝန်းရံပိုက်ဆို့ထားသည့်အတွက် အင်းတော်မြို့ကို နောက်ဆုံးအချိန်ထိ ဂျပန်လှိုဏ်ဂူတွင် တပ်စွဲကာ ခုခံနေရသော် စစ်ကောင်စီအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ညပိုင်းက ဆုတ်ခွါထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးအင်အားစုများက မြို့ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ NUG၊ MOD၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇…
Read More
အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်းလေးတောင်၌ ဗိုလ်မှူး လင်းထက် ဦးစီးလာသော အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်း (၂) ကြောင်းခွဲကာ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ကသာမြို့ ခမရ-၃၀၉ မှထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းစစ်ကြောင်းအား EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ မတ်လ (၁၅) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများကို…
Read More
အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ABSDF၊ KPDF နှင့် အင်းတော်အထူးတိုက်ခိုက်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ထားမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် ဂျပန်လှိုက်ဂူ၏ ကာကင်းတစ်ခုဖြစ်သည့် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ အင်းတော်‌ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကစတင်ပြီး အပြင်းအထန် တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့ပြီးပြီး နောက်နေ့မှာပင် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ (more…)
Read More
နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် စခန်းဦးစီး ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ ဗိုလ်ကြီး ပြုံးမောင်မောင်ဦးစီးသော တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးအား ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၁၀ နာရီထိ တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ (more…)
Read More