Tag: စစ်ကောင်စီတပ်

  • စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

    စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

    RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာဘက်မှ အင်အားများသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဂဲပြန်ရွာနေ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် မဇလီ‌ကျေးရွာရှိ သံဃာ (၁) ပါးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၅) ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ထွက်ရှိလာပြီး အင်အားဖြည့်တင်းကာ မတ်လ (၁၆) ရက်နေ့တွင် ရွှေဂဲပြန်ကျေးရွာနှင့် မဇလီကျေးရွာဘက်ရောက်ရှိကာ အမျိုး သမီး (၁) ဦးနှင့် သံဃာ (၁) ပါးကို သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း Wetlet Informational Network ထံမှ သိရသည်။

    (more…)

  • နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောတွင် စစ်ကောင်စီတပ်စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသည့်အတွက် ယနေ့ နံနက် (၇) ဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးကြောင်း KRU ကထုတ်ပြန်ထားသည်။

    အင်အားအများအပြားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (more…)

  • တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

    မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)

  • “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
    BACS
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
    ● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
    မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
    ( ပုံ – ၁ )
    ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
    စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
    ( ပုံ – ၂ )
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

    (more…)

  • နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။
     
    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။

    (more…)

  • ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

    ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

    RNA_မတ်(၁၃)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းတော်ကြီး () ပါးနှင့် အရပ်သား (၂၅) ဦးတို့ကိုစစ်ကောင်စီတပ်သားများကိုပစ်သတ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။

    စစ်ကောင်စီတပ်သည် မတ်လ (၁၁) ရက်နေ့က နမ်းနှိမ်ကျေးရွာအနီးကို တိုက်လေယာဉ်ပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများကို ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ (၃၀) ကျော်မှ သေဆုံးရုပ်အလောင်း (၂၈) လောင်းတွေ့ရှိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။

    (more…)

  • ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

    ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

    RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။

    ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ – ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။

    (more…)

  • ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

    ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

    RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

    “ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

    စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

    RNA_ဖားကန့်၊ မတ်(၁၁)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလျှံ‌ကျေးရွာဘက်မှ ဖားကန့်မြို့သို့အဝင် လမ်းဘေးတစ်နေရာတွင် ယနေ့နံနက် (၃)နာရီခန့်က စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ (၂) ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

    “ကျနော်ကျောက်ရှာပြန်တဲ့အချိန် မနက်(၃)နာရီလောက်၊ စစ်ခွေးတွေက အေးမြသာယာအဝင်မှာ ကင်းချထားတာ၊ ကျနော့်ဆိုင်ကယ်ကိုလမ်းဘေးထိုးခိုင်းပြီး လူကတခြားဖမ်းထားတဲ့လူတွေနဲ့ စုထိုင်ခိုင်းထားတာ၊ အလောင်းသယ်ပြီးမှပဲ လမ်းသွားလမ်းလာဖမ်းထားတဲ့လူတွေ အကုန်ပြန်လွှတ်ပေးတာ၊ မနက်(၆)နာရီအထိပဲ”ဟု ပြည်သူတစ်ဦးက ပြောသည်။

    (more…)

  • ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

    ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

    RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထီးဆောင်းရွာ အခြေချ တပ်မ (၃၃) တပ်သားများသည် ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်နှင့် ဒေသခံပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရေး NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

    ထီးဆောင်းရွာအခြေချ စစ်ကောင်စီတပ် တပ်မ (၃၃) တပ်သားများသည် မတ်လ (၂) ရက်နေ့က ပ.က.ဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ပြီး တာတိုင်ရွာမှ တပ်ဆုတ်ချိန် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၇) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    (more…)