အလုပ်သမား

ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။ ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။ (more…)
Read More
ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။ အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။ (more…)
Read More
အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။ ဟားမတ်စ် - အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ…
Read More
မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ Red News Agency
Read More
“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

NA_မေ(၁)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်တို့ ပြာကျချင်ကျ ပြန်ချမှရမယ်နော်” ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်ကြားမှ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ အလုပ်သမား လယ်သမားတို့သည် ယနေ့ (မေလ ၁ ရက်) ကမ္ဘာ့အလုပ်သမားနေ့တွင် ရွာအနီးဝန်းကျင်လှည့်ပတ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ “လုပ်သားထုရဲ့ သွေးစည်းသံတချီတည်းရုန်းပြီးအောက်ပွဲခံ”၊ အလုပ်သမားထု လယ်သမားထု သွေးစည်းကြ” ၅/ ဆလက ရဲ့ တံစဉ်များ ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More
လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

RNA_နိုဝင်ဘာ (၂၂)၊ ၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဒေသခံတောင်သူ အလုပ်သမားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။   ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှဦးဆောင်ပြီီး ဒေသခံတောင်သူများ၊ ဒေသခံပြည်သူများနှင့်အတူ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။ Red News Agency
Read More
JEWoo အထည်ချုပ်စက်ရုံက ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲ

JEWoo အထည်ချုပ်စက်ရုံက ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ JEWooကုမ္ပဏီ (သာကေတ )က အထည်ချုပ်ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲလိုက်ကြောင်း ဇန်နဝါရီလ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ JEWooကုမ္ပဏီ (သာကေတ )သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တွင် မီးလောင်ကျွမ်းခံရမှုကြောင့် လုပ်ငန်းအားလုံး“လုံးဝ " ရပ်ဆိုင်းသွားခဲ့ရပြီး ၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် ရောက်မှသာနေရာအသစ်တွင်ယာယီဖွင့်လှစ် လုပ်ကိုင်နိုင်ခဲ့ကြောင်း သိရသည်။ သာကေတ စက်မှုဇုန်အတွင်းရှိ JEWoo အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁…
Read More