အလင်းဝင်

လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁)ဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၆)ဦးသည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနှင့် ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ဇန်နဝါရီလ (၇)ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။ (more…)
Read More
ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ

ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၅ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦး အလင်းဝင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် ဇန်နဝါရီလ (၆) ရက်တွင် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅)…
Read More
KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။   ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံ အလင်းဝင်လာသော စစ်ကောင်စီလက်အောက်ခံများကို လုံခြုံအေးချမ်းစွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရအောင် ကြိုးစားဆောင်ရွက်ပေးမှုများရှိပြီး CDM များ ပျော်ရွှင်စွာနေထိုင်ကြရကြောင်း KNDF ကထုတ်ပြန်ထားသည့် ရုပ်သံတွင် CDM များကိုယ်တိုင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။ (more…)
Read More
ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း…
Read More
ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..

ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..

"အဖက်ဖက်က စိတ်ဓါတ်အရ အသာစီးရယူထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ တသွေးတသံတမိန့် နဲ့ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တဲ့ စစ်သားဟောင်းတွေသိနေပြီး လက်နက်ချနေရချိန်မှာ ရက်ပိုင်းလေး သင်တန်းတက်ပြီး လူသစ်လေးတွေ ဖြစ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေက မိုက်မိုက်မဲမဲ တိုက်ပွဲဝင်ရတော့မယ်" ရန်နိုင် - Wiper အာဏာသိမ်းပြီးတဲ့နောက်မှာ အဖက်ဖက်ကရှုံးနေတဲ့ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း ဆုံးရှုံးခြင်းထက် စစ်သည်အင်အားတွေ ဆုံးရှုံးနေရတာကိုတော့ ဖာထေးဖို့မလွယ်ကူပေ။ နှစ်ပေါင်းများစွာ ဦးနှောက် ဆေးထားတဲ့ စစ်သည်အရာရှိတွေ အသစ်ထပ်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေတခုဖြစ်နေတယ်။ သို့ပေမယ့် အရည်အချင်းထက် အရည်အတွက်နဲ့ အသာရနိုင်ဖို့ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း နေတယ်။ စစ်မှုထမ်းခေါ်စဉ်ကတော့ ကိုယ့်မြို့ရွာတွေမှာပဲ လုံခြုံရေးယူရမယ် ဆိုတဲ့…
Read More
စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် "စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်" ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။ လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင်…
Read More
စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်​သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချ​ပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ…
Read More