30
Oct
RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်စာချုပ်သက်တမ်းပြည့်ပါက ရက်ပေါင်း (၃၀) နေရပ်ပြန်ရန်မလိုအပ်ဘဲ သက်တမ်းတိုးနိုင်မည့်ဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူညီမှုရထားကြောင်း ထိုင်းသတင်းဌာန The Thaiger က ယနေ့ (အောက်တိုဘာ ၃၀ ရက်) ဖော်ပြထားသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) ဖြင့် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် (၄) နှစ်သက်တမ်း အလုပ်လုပ်ခွင့်စာချုပ် ချုပ်ဆိုထားရခြင်းဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ပါက သက်တမ်းတိုးရန်အတွက် မြန်မာသို့ ရက် (၃၀) ပြန်လည်ဝင်ရောက်ရခြင်း ဖြစ်သည်။ MoU စာချုပ်အရ ယခု ၂၀၂၆ ခုနှစ်အတွင်း၌ မြန်မာအလုပ်သမား (၄၅၈၃၄) ဦးသည် အလုပ်လုပ်ခွင့်…