စလင်းမြို့နယ်

အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   မကွေးထောင်ကိုသာ ဖောက်နိုင်ခဲ့ပါက တော်လှန်ရေးအပြောင်းအလဲ အဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြော Red News Agency နှင့်အင်တာဗျူးတွင် ပြောပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။   "ကျွန်တော်တို့နိုင်မှလွတ်တာထက် ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ရှိရင် သူတို့မြန်မြန်ပိုပြီး လွတ်မြောက်လိမ့်မယ်လို့ကျွန်တော်ကခံယူတယ်။ တစ်ချို့ကပြောကြတယ် ငါတို့နိုင်မှအတွင်းထဲကလူတွေကလွတ်မှာ အဲဒီဟာကလည်း ကျွန်တော်တို့ တိုက်ယူမှရလိမ့်မယ် ကျွန်တော်တို့ လုပ်မှရလိမ့်မယ်။ ကျွန်တော်တို့လုပ်ယူမှလည်း ကျွန်တော်တို့တိုက်ယူမှလည်း လွတ်မှာဖြစ်တယ်" ဟု ရဲဘော်ထူးလေးက ပြောသည်။ (more…)
Read More
ပြည်သူချစ်သည့် ဒေါင်းစစ်အောင်

ပြည်သူချစ်သည့် ဒေါင်းစစ်အောင်

RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။   စလင်းမြို့နယ် တိုက်ပွဲတိုင်းတွင် ပါဝင်နေသည့်အပြင် ပြည်သူကို မျက်နှာမူသည့်အတွက် ပြည်သူ့ထောက်ခံမှုနှင့်အတူ ပြည်သူချစ်သည့် ဒေါင်းစစ်အောင် (LPDF) တပ်ဖွဲ့ ပေါ်ပေါက်လာပုံနှင့် ခက်ခဲကြမ်းတမ်းသည့် အဖြစ်အပျက်များကို ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgnecy #RedNews #RNA
Read More
တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စခင်းမြို့နယ်အတွင်း ကံပြားကျေးရွာမှစတင်ကာ တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းသည် ပုသိမ် - မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် အထိနာနေကြောင်း ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF)ထံမှ သိရသည်။ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းအတိုင်း တင့်ကားများနှင့်အတူခြေလျှင်အင်အားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင်လည်း ပိတ်ဆည်ရွာမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် (၅) ရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၂) ဦးဖမ်းဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိကြောင်း…
Read More
၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် (၁၆) ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံးပြီး မ​ကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Columnမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးခဲ့သည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗမာ့တပ်တော်(BA)ထံမှ သိရသည်။ (more…)
Read More
စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇)…
Read More
စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၄) ဦးဖမ်းဆီးရမိ

စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၄) ဦးဖမ်းဆီးရမိ

RNA_ဧပြီ(၁၅)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စေတုတ္တရာနှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် (၁၈) တွင်ရှိသော စစ်ကောင်စီ၏ (၁၈) မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၄) ဦးနှင့်အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တစ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော်ဆံရှည်၏ ဈာပနအခမ်းအနား အမိန့်ပြန်တမ်းကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံ တိုက်ပွဲတွင် ကပစများကို ဓာတ်အားပေးနေသော ထရန်စဖော်မာ အလုံး ၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ တညောင်ဓာတ်အားခွဲရုံသည် စစ်ကောင်စီ လေတပ်အတွက် လေယာဥ်ဗုံးသီးများထုတ်လုပ်ရာ ကပစ ၂၁၊ လေကြောင်းကာကွယ်ရေးလက်နက်များ ထုတ်လုပ်ရာ ကပစ ၂၀ နှင့် ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် (၉) လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်သို့ အဓိက ဓာတ်အားပေးနေကြောင်း၊ ဓာတ်အားခွဲရုံတိုက်ပွဲကို မတ်လ ၃၁ ရက်နေ့က ၄ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ဗမာ့တပ်တော်(BAMAR ARMY)…
Read More
စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ (more…)
Read More
လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More