ငလှိုင်တွင်းကျေးရွာ

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။   ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ (more…)
Read More