ကော့သောင်း

စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု၏ စစ်မှုထမ်း အပတ်စဉ် (၂၀)တွင် အဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရသူ မောင်ဇော်ကိုကို၏ ညီဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်း ကာယကံရှင် ပြောဆိုထားသည့် ရုပ်သံကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာ (၂၂) ရက်တွင် ထုတ်ပြန်ထားသည်။ စစ်မှုထမ်းအပတ်စဉ် (၂၀) တွင် စစ်သင်တန်းတက်ခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် မောင်ဇင်ကိုကိုသည် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၂၆၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်ပြီး စစ်အုပ်စုတပ်ရင်းစခန်းမှ ထွက်ပြေးလာပြီး ကော့သောင်း ပကဖအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ “ကျွန်တော့်ညီနဲ့ ကျွန်တော့်အစ်မကိုလည်း ကျွန်တော် စစ်မှုထမ်းသင်တန်းတက်နေတာကို သိရဲ့နဲ့ သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော့်ညီအလောင်းကိုတော့ အဖေနဲ့…
Read More
အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

RNA_စက်တင်ဘာ(၁၁)၊၂၀၂၄ ခုနှစ်။ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့်အတွက် ကော့သောင်းမှတဆင့် ပြန်ပို့ခံရပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများထဲက (၂၇) ဦးသည် ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် စက်လှေဖြင့် သွားစဉ် စက်လှေပေါ်ပါလာသည့် စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး လက်နက်နှင့်စက်လှေယူဆောင်ကာ KNDO ထံ ခိုလှုံခဲ့ကြကြောင်း Kwe Ka Lu News -ကွဲၤကလုၢ်တၢ်ကစီၣ် တွင် ဖော်ပြထားသည်။ ကော့သောင်းမှ ပြန်အလွဲခံရပြီးနောက် မြိတ်မြို့တွင် အဓမ္မစစ်သားစုဆောင်းခံရပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ရာ ပုလောမြို့နယ်အတွင်းရောက်စဉ်…
Read More