သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

RNA_ဩဂုတ်(၁၅)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း PDF စိုးမိုးနယ်မြေတချို့ကို စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးမှုများရှိနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောကြားထားသည်။
#RedNewsAgency
By Editor