Tag: အဓမ္မစစ်မှုထမ်း

  • စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

    စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

    RNA_ဇူလိုင်(၁၄)၊၂၀၂၅ခုနှစ်။
     
    စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ရာတွင် စိတ်ရောဂါဝေဒနာရှင်၊ မသန်စွမ်းများကိုပါ စစ်မှုထမ်းခိုင်းနေသည်ဟု အဓမ္မစစ်မှုထမ်းအဖြစ်မှ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထံ အလင်းဝင်လာသူ ကိုသိန်းထွန်းအောင်က ပြောပြထားသည်။

    (more…)

  • အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။

    မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု သိရသည်။

    ဓာတ်ပုံ : ပုံဟောင်း

    (more…)

  • စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ချိတ်ဆက်လာသည့်အတွက် သံမဏီတပ်ဖွဲ့မှ ကယ်ထုတ်

    စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ချိတ်ဆက်လာသည့်အတွက် သံမဏီတပ်ဖွဲ့မှ ကယ်ထုတ်

    RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ၁ ဦးသည် မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force – MPDF Battalionမှ အစ်ကိုဖြစ်သူထံ ဆက်သွယ်လာသည့်အတွက် သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    “စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချတဲ့အချိန် သွားခေါ်ထုတ်ခဲ့ရတာ၊ ကျနော်တို့ တပ်ရင်းထဲမှာက သူ့အစ်ကိုရှိတာကိုး၊ သူ့အစ်ကိုကို ချိတ်ဆက်လာတဲ့အချိန်မှာ ညတွင်း ချင်းသွား ထုတ်တာ၊ သူ့ကို ရွှေဘို၊ ကျောက်မြောင်းပို့ဖို့က လမ်းကြောင်းမကောင်းတော့ ပို့မရလို့ နုံးတောမှာ တာဝန်ချထားတဲ့အချိန် ရအောင်ခေါ်ထုတ်လိုက်တာ။” ဟု သံမဏိ Force မှ ဒုတပ်ရင်းမှူးက ပြောကြားထားသည်။
    (more…)

  • ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..

    ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..

    “အဖက်ဖက်က စိတ်ဓါတ်အရ အသာစီးရယူထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ တသွေးတသံတမိန့် နဲ့ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တဲ့ စစ်သားဟောင်းတွေသိနေပြီး လက်နက်ချနေရချိန်မှာ ရက်ပိုင်းလေး သင်တန်းတက်ပြီး လူသစ်လေးတွေ ဖြစ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေက မိုက်မိုက်မဲမဲ တိုက်ပွဲဝင်ရတော့မယ်”

    ရန်နိုင် – Wiper

    အာဏာသိမ်းပြီးတဲ့နောက်မှာ အဖက်ဖက်ကရှုံးနေတဲ့ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း ဆုံးရှုံးခြင်းထက် စစ်သည်အင်အားတွေ ဆုံးရှုံးနေရတာကိုတော့ ဖာထေးဖို့မလွယ်ကူပေ။ နှစ်ပေါင်းများစွာ ဦးနှောက် ဆေးထားတဲ့ စစ်သည်အရာရှိတွေ အသစ်ထပ်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေတခုဖြစ်နေတယ်။ သို့ပေမယ့် အရည်အချင်းထက် အရည်အတွက်နဲ့ အသာရနိုင်ဖို့ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း နေတယ်။ စစ်မှုထမ်းခေါ်စဉ်ကတော့ ကိုယ့်မြို့ရွာတွေမှာပဲ လုံခြုံရေးယူရမယ် ဆိုတဲ့ တရားဝင်မဟုတ်တဲ့ ကတိတွေပေးပြီး ခေါ်ခဲ့ပေမယ့် စစ်သင်တန်းအပတ်စဉ် (၁)သင်တန်း ပြီးကတည်းက မိသားစုနဲ့ အဆက် အသွယ် မရတော့ပဲ ရှေ့တန်းစစ်မြေပြင်တွေကို ပို့လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြနေကြတယ်။

    ၁၀၂၇ ဒုတိယလှိုင်းလို့ သတ်မှတ်ထားတဲ့ တောင်ပေါ်ဒေသကနေ မြေပြန့်ထိ အရှိန်အဟုန်နဲ့ ထိုးစစ်တွေ ဆင်းလာတဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ၊ အညံ့ခံမှုတွေက မြင်မကောင်းလောက်အောင်ပါပဲ။ ခုလို ပြတ်ပြတ်သားသား လက်နက်ချဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို လာတိုက်ဖို့ မျှော်လင့်နေသလားလို့ တွေးထင်မိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စစ်ပွဲထဲကိုရောက်နေတာက ရန်သူဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကြောက်ရသလို စစ်ခေါင်းဆောင်တွေရဲ့ မသေမချင်း တိုက်ပွဲဝင်ခိုင်းနေတဲ့ ဖိအားတွေကိုလည်း ကြောက်နေကြရတယ်။ ဒါ့ကြောင့်လည်း လက်နက်ချရင် အသက်ရှင်မယ်၊ စိတ်အေး လက်အေး နေရမယ်ဆိုတဲ့ ယုံကြည်ချက်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးမှာရှိနေကြတယ်။

    (more…)