ဖားကန့်ဗျူဟာကုန်း

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

RNA_ဖားကန့်၊ ဇွန် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ လှုပ်ရှားလာသည့် တပ်နှင့် နယ်မြေစိုးမိုးမှုယူထားသည့် KIA/KPDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသည့် စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့သည်။ လက်ရှိနှစ်ဖက်စစ်ရေးတင်းမာနေသည့် ဆိပ်မူမြေပြင်အခြေအနေအရ အရပ်သား ပြည်သူများ၏ ထိခိုက်သေဆုံးမှုအတိအကျ မသိရှိရသေးသော်လည်း ဆိပ်မူ စိန်မြသုခကျောင်း အနောက်ဘက်တွင် တစ်လုံး၊ ဖူဆယ်ကွင်းဘေးတွင် တစ်လုံး၊ မှော်ရှန်ရပ်ကွက်လမ်းဘေးတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ(၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ထိခိုက်လဲကျ သေဆုံးနေသူတစ်ဦးကိုလည်းတွေ့ရှိထားကြောင်း ဆိပ်မူဒေသခံအချို့ထံမှ သိရသည်။ (more…)
Read More