KIA/PDF

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ "မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး"ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။…
Read More