Tag: လားရှိုး

  • တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    “အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ”

    ပင်လယ်သူ

    လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

    ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ သိမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရည်အချင်းမရှိ၊ သူရဲဘော ကြောင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းများစွာ ဖမ်းဆီးခံခဲ့ကြရတယ်။ လက်နက်ခဲယမ်းတွေဟာ လားရှိုးမြို့နှင့်အတူ ဒကစ ခြောက်ခုထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ လောက်ကိုင်ဒကစကိုပါ လက်လွှတ်လိုက်ရတဲ့အတွက် ရုံးထိုင်စရာပါပျောက်သွားရတဲ့အထိ ဖြစ်သွားရတဲ့ဖြစ်စဉ်ဟာ မင်းအောင်လှိုင် လက်ထက်မှာ သမိုင်းဆိုးနဲ့ ကျန်ခဲ့မဲ့ စစ်တပ်ဖြစ်ပါတယ်။


    အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ။ ပြန်လည်တိုက်ယူနိုင်စွမ်း မရှိတဲ့အတွက် ရှေ့ပိုင်းမှာ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်များကို စစ်ကောင်စီဟာ အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်း ညီနောင်မဟာမိတ်တွေက အမြဲအသာစီးရခဲ့လို့ စစ်တပ်လိုချင်တာ တခုမှမအောင်မြင်ခဲ့တဲ့ ဆေးနွေးပွဲတွေဆိုတာ အားလုံးအသိဖြစ်တယ်။

    (more…)

  • လာရှိုးတမြို့လုံး လက်လွှတ်ရလည်း ထိုင်ကြည့်ရုံနဲ့ လိမ်ညာတာပဲ တတ်နိုင်တဲ့ စစ်အုပ်စု

    လာရှိုးတမြို့လုံး လက်လွှတ်ရလည်း ထိုင်ကြည့်ရုံနဲ့ လိမ်ညာတာပဲ တတ်နိုင်တဲ့ စစ်အုပ်စု

    “မင်းအောင်လှိုင်စစ်တပ်ကတော့ တိုက်ပွဲကြားမှာတောင် လားရှိုးစစ်ဆေးရုံက လူနာတွေကို ကြားခံအသုံးချနေသလို၊ ဝါဒဖြန့်စရာ အဖြစ်နောက်ဆုံးပုံဖော်လာတာတွေ့ရတယ်။ တိုက်ပွဲမှာ သေဆုံးတဲ့စစ်သား အလောင်းတွေဆိုရင် လူမသိသူမသိသေကုန်လို့ တချို့ဆိုရင် အရိုးတောင်ကျနေတာတွေ့ရတယ်။ ဆက်ပြော ရရင် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဦးဆောင်သူတိုင်းမှူးတွေကိုယ်တိုင်က ခေါင်းဆောင်မပီသတာ သွားတွေ့ရတယ်”
    မောင်ဝိ – Wiper
    လားရှိုးမြို့ကို ကိုးကန့်တပ်မတော်-MNDAA က သိမ်းပိုက်ပြီးနောက် အရာရှိကြီးအချို့ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဩဂုတ် ၄ ရက်က ဝန်ခံပြောကြားထားပါတယ်။ အရာရှိကြီးတွေကို ဩဂုတ် ၃ ရက် ည ၆ နာရီခွဲအထိ အဆက်အသွယ်ရရှိထားပေမယ့် အဲနောက်ပိုင်းအဆက်အသွယ် မရတော့ဘဲ ၎င်းတို့တွေကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
     
    ဒီနေရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတဲ့အထဲ (ရမခ) မှာ ရှိတဲ့ အရာရှိ၊ စစ်သည်တွေအနေနဲ့ နောက်ဆုံးအချိန်ထိ ရွတ်ရွတ်ချွံချွံ ခုခံသွားကြောင်းနဲ့ ချီးကျူးဂုဏ်ယူကြောင်း ပြောကြားထားပါတယ်။ လားရှိုးတိုင်း စစ်ဌာနချုပ်ကြီး မကျဖို့ နောက်ဆုံးအချိန်ထိ ခုခံတယ်ဆိုတဲ့ စကားကိုတော့ လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းစစ်ဌာနချုပ်ထဲမှာ နောက်ဆုံးအချိန်ထိ အသေခံသွားတဲ့ ရုပ်အလောင်းတွေက သက်သေဖြစ်ပါတယ်။ ပြည်သူတယောက်အနေနဲ့တော့ မှားယွင်းတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကြောင့် မလိုလားအပ်ပဲ အသက်ပေးလိုက်ရတယ်လို့ပဲ မြင်မိပါတယ်။

    (more…)

  • လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

    လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

    RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။

    MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။

    “ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။

    လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့် မိသားစုများ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

    #RedNewsAgency

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။
     
    “PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ညီညွတ် စည်းလုံးသော အမိန့်နာခံမှုကောင်းသော တပ်ပေါင်းစုအင်အားဖြင့် သမိုင်းဝင် တိုက်ခိုက်သိမ်းပိုက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူလူထုသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်” ဟု PLA က ပြောကြားထားသည်။

    (more…)

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    ရှမ်းမြောက်၊ လားရှိုးမြို့၊ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၄ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာထားသည်။
     
    “၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA ကထုတ်ပြန်ထားသည်။

    (more…)

  • လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

    လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

    RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
     
    လားရှိုးမြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေသည့်အတွက် မြို့နေပြည်သူများသည် စစ်ဘေးရှောင်ရန် မြို့ကိုစွန့်ခွါသူ များလာသည့်အတွက် ယနေ့နံနက်ပိုင်း လမ်းပိတ်နေသည့်အခြေအနေထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
     
    “အရင်ရက်တွေထက် ဒီနေ့မနက်ကတော့ တော်တော်များတယ်။ ကားလမ်းမကြီးပါ ပိတ်နေတဲ့အထိိဖြစ်သွားတယ်။ မြို့ထဲမှာတော့ လူတွေက ကျန်ပါသေးတယ် ဒါပေမဲ့ ထွက်တဲ့သူက တရက်ထက် တရက်ပိုများလာပြီ။ တချို့ကတော့ အိမ်တွေ သော့ခတ်ပြီးထွက်သွားတာ တချို့ကလည်း အိမ်စောင့်ချန်ခဲ့တယ်။ မထွက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်” ဟု လားရှိုးမြို့ခံတဦးက Red News Agency ကို ယနေ့နံနက်ပိုင်းက ပြောကြားထားသည်။

    (more…)

  • မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

    မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

    RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။
     
    လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။
     
    “ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ” ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။

    (more…)

  • သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    “တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”

    အောင်ဇေ

    ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

    ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

    ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။

    (more…)