စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။

အာရက္ခတပ်တော် – AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင် (၅၀) ကျော် သေဆုံးကာ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိကြောင်း AA ကယနေ့ ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော လေးမိုင် (နခခ-၂) စခန်းကို အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ထားကြောင်း၊ လေးမိုင် (နခခ-၂) စခန်းကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် မောင်တောမြို့၊ (၃) မိုင်နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံကိုလည်း တိုက်ခိုက်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #RNA

By Editor