ဆိပ်မူ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ "မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက"ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့်…
Read More
ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် KPDF တို့ ဆိပ်မူ(အ.ထ.က)ကျောင်းအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီကျော်ကြာမြင့်ကြာချိန်တွင်း စစ်ကောင်စီတပ်၏ ဆိပ်မူဗျူဟာကုန်းမှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

RNA_ ဖားကန့်၊ စက်တင်ဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၄)နာရီ ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို KIA/KPDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးဖြင့် ဆေးကုသနေသည့် စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် အရာရှိ ၂ ဦး ယနေ့ နေ့လယ် (၂)နာရီကျော်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ စရဖ အကြီးအကဲကို လက်နက်ကိုင်ရဲ ဆယ်ဦးထက်မနည်း လုံခြုံရေးပေးပြီး ဆေးဝါးကုသနေသည့်အချိန် KPDF မှ ကားသုံးစီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ (more…)
Read More
ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၂၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးအား ယနေ့ နံနက် (၄)နာရီခန့်က KIA/KPDF များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ "ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ အရှင်မိတာရှိတယ်၊ အသက်(၂၅)ဝန်းကျင် အမျိုးသား၊ သူ့အမျိုးသမီးနဲ့ကလေး၊ နောက်အမျိုးသမီးတစ်ယောက်၊ အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်၊ စာရွက်စာတမ်းတွေသိမ်းဆည်းတယ်ပေါ့"ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဆိပ်မူဗျူဟာကုန်းမှ စစ်ကောင်စီတပ် ပါတ်ကင်းလှည့်ရန်ထွက်လာသည့်ရဲကားကို KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတစ်ဦးသေဆုံးခဲ့သည်။ #RedNewsAgency
Read More
ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။ ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။ ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား…
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More
တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

RNA_ဖားကန့် မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရှမ်းကုန်းဈေးအနီးရှိ တရုတ်ကျောက်သူဌေး ဦးအားတီ၏နေအိမ်ကို မေလ ၂၈ ရက်နေ့ညပိုင်းက ဓားပြ (၆) ယောက်အဖွဲ့မှ ခြိမ်းခြောက်တိုက်ခိုက်ပြီး ရွှေချောင်းများ၊ ကျောက်ရိုင်းတုံးများနှင့် မော်ဒမြင့်ကားနှစ်စီးပါ ယူသွားကြောင်း သိရသည်။   စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှ ရွှေဆိုင် ဓါးပြတိုက်ခံရမှု၊ လုံးခင်းကျေးရွာမှ ဖုန်းဆိုင်တစ်ခုအတွင်း AK 47 ဟုယူဆရသည့် သေနတ်ကိုင်ဆောင်ကာ ဓါးပြတိုက်မှု၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါးပြမှုမှ ပါဝင်သူများကို ဖားကန့် KPDF မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း…
Read More
ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ "ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ"ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။ (more…)
Read More