17
Oct
RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ဘက် သစ်ကြီးတောရွာနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် (၁၂) ဦး သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းပြန်ကြားရေးကော်မတီက ဖော်ပြထားသည်။ အောက်တိုဘာ (၁၆) ရက် နေ့လည် (၂) နာရီဝန်းကျင်က သစ်ကြီးတောရွာနှင့် အနီးတဝိုက်ကို စစ်အုပ်စုက အသေခံဒရုန်းများအပါအဝင် ဂျက်ဖိုက်တာလေယာဉ် (၂) စီး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် (၂) စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ကြီးတောရွာအတွင်းရှိ စတားလင့် အင်တာနက်အသုံးပြုသည့် ဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အနိးဝန်းကျင်ရှိ ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၂) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ…