12
Jan
RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် " Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်" ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)