Tag: စစ်ကောင်စီတပ်စစ်ကြောင်း

  • ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=DqMncMPzPuA[/embedyt]

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် ” Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

    လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာကို ယနေ့ လွတ်လပ်ရေးနေ့တွင် ဒေသခံရွာသူ ရွာသားများထွက်ပြေးနေရာမှ ပြန်အရောက်တွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားချိန်တွင် အမျိုးသမီး (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်သွားခဲ့သည်။
     
    စစ်ကောင်စီ၏ ရွှေဘိုလေ့ကျင်ရေး တပ်နှင့် ပျူစောထီများ ပါဝင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အလယ်ရှိုကျေးရွာအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်စွဲအထိုင်ချနေခဲ့ချိန်တွင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်ပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် နေအိမ် ၁၀၀ ကျော်ကို် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

    (more…)

  • စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ” အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

    ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုပ်လိုစိတ်၊ တော်လှန်လိုစိတ် အပြည့်ရှိသော်လည်း လက်နက်အင်အား မမျှသည့်အတွက် ရဲဘော်များ၏ တော်လှန်ရေးသွေးတွေ မြေခ အသက်ပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

    စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

    RNA_ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများတွင် ခံစစ်ပြင်ဆင်ရာတွင် ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ ထောင်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။

    ရန်သူဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် မိုင်းထောင်ကြရန်၊ လိုအပ်သည့် မိုင်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြမယန်လည်တင်ပြကြရန် စစ်ကောင်စီတပ်က ညွှန်ကြားစာတစောင်တွင် တွေ့ရှိရသည်။

    တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနချုပ်များ၊ ရဲစခန်း၊ ရဲကင်းစခန်းများ၏ ခုခံစစ် လုပ်ငန်းများတွင် ဘန်ကာများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ ခြံစည်းရိုးများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရင်တားများ၊ ငြှောင့်ကျင်းများနှင့် မိုင်းထောင်ထားမှုများ ရှိ မရှိ စစ်ဆေးကြရန် တိုင်းစစ်ဌာနချုပ်များက ညွှန်ကြားထားသည်။

    Red News Agency

     

  • စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

    စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

    RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ (၇) ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာတွင် ၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကာ ၁ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

    ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုမှ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ကင်းကျေးရွာရောက်ရှိပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ညှပ်ရိုးနှစ်ဖက်အောက် ထိုးသွင်းမွှေဓားဒဏ်ရာ၊ ကြောထိုးသွင်းမွှေဓားဒဏ်ရာဖြင့် ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ယနေ့ထုတ်ပြန်ထားသည်။

    အသက် ၅၈ နှစ်အရွယ်အမျိုးသား လည်ပင်း၊ ဘယ်ဘက်ရင်အုံ ဓားထိုးသွင်းမွှေဒဏ်ရာ ၊ နဖူးမျက်ခုံးပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေပြီး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသားမှာလည်း လည်ပင်း ဓားဒဏ်ရာဖြင့်သေဆုံးနေကြောင်း၊ အသက် ၅၃ နှစ်၊ အသက် ၃၈ နှစ်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ယခုတိုင် ပျောက်နေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကင်းကျေးရွာမှ ပြည်သူ သေဆုံးနှင့် ပျောက်ဆုံး (၆) ယောက်အပြင် စစ်ကောင်စီစစ်ကြောင်းရောက်ရှိစဉ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းထွက်သွားမှ အိမ်ပြန်လာသည့် ကလေးသုံးယောက်၏ မိခင်တစ်ဦးမှာလည်း စစ်ကောင်စီတပ်က မီးဖိုချောင် ကြောင်အိမ်အတွင်း မိုင်းထောင်ထားရာမှ ပေါက်ကွဲပြီး ယနေ့ နံနက်က သေဆုံးသွားကြောင်း သိရသည်။

    Red News Agency