မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး

RNA_ဩဂုတ်(၂၂)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်​ကျေးရွာ အထိုင်ချပြီး လှုပ်ရှားနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ ရီခန့်က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ မျက်မြင် (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု မြိုင် ပကဖ ထံမှ သိရသည်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးမျက်မြင်သေဆုံးပြီး (၅) ဦးလက်နက်ချ အညံ့ခံခဲ့ကြောင်း၊ MA1 – ၆ လက်၊ MA2 – ၃ လက်၊ MA3 – ၄လက်၊ MA4 – ၁ လက်၊ MA11 – ၁ လက်၊ G3 – ၂လက်၊ 79MM – ၁ လက်၊ BA100( ၆၀ မမ) – ၁ လက်၊ G3 ကျည် ၁၉၂ တောင့်၊ MA ကျည် ၈၆၇ တောင့်၊ ၉မမကျည် ၁၉၆ တောင့်၊ ၆၀ မမ အဖူး ၁ ဖူး၊ ၈၁ မမအဖူး ၅ ဖူး၊ ၄၀ မမအဖူး ၁၂ ဖူး၊ အီနာဂါ ၃ ဖူး၊ RPG အဖူး ၃ ဖူး၊ လက်ပစ်သီး ၃ အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၂၊ ၆ ၊ ၇) တပ်ရင်းများ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force)၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN၊ စင်္ကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
 
#RedNewsAgency #RNA
By Editor