ရေစကြိုမြို့နယ်

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်" ဟု (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်‌ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

RNA_ဇွန်(၂)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသရှိ​ ကျေးရွာများကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကောင်စီလက်အောက်ခံများက ပြီးခဲ့သည့် တစ်ပတ်အတွင်း မီးပတ်ရှို့ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီပေးနေကြရကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။   ရေလယ်ကျွန်းဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ မေလ ၂၉ ရ ရက်နေ့အထိ ကျေးရွာ (၂၆) ရွာမီးရှို့ခံခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ (more…)
Read More
ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံများကို မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က Myingyan Black Tiger (MBT) ရဲဘော် (၂) ဦး သွားရောက်ကာ ပစ်ခတ်ခဲ့သည်။ #RedNewsAgency
Read More
နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။   ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်…
Read More
Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

စစ်ကောင်စီတပ်နှင့် (၃) ရက်တာတိုက်ပွဲဖြစ်ပွားပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ   RNA_မတ်လ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT)၏ ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT၏ ကျားမဲစစ်ကြောင်းတို့ (၃)ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့က Myingyan Black Tiger(MBT)၏ ဌာနချုပ် ခစန်း စွန့်ခွါလိုက်ရကြောင်း သိရသည်။   “ 18.3.2023)တွင် MBT၏ ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပြီး ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိသည်။ (၃)ရက်တာတိုက်ပွဲအတွင်း MBTမှ…
Read More
သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိ RNA_မတ်လ(၃)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်တို့က အညာသား မြင်းခြံသားတွေ စကားပြောရင်ပြတ်တယ်၊ လုပ်ရင်လည်းကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပဲ ဘာမှဂရုမစိုက်ဘူး ကျွန်တော်တို့ကလုပ်တယ်။ ကျွန်တော်တို့ လက်လုပ်နဲ့တိုက်တယ်” ဟု လက်လုပ်သေနတ်များ၊ ပခုံးထမ်းများဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်မြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲနေသည့် မြင်းခြံ Black Tiger အနေဖြင့် သေနတ်အစစ်များရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ “ကျွန်တော်တို့ မြင်းခြံ Black Tiger ကထွက်တဲ့ ပခုံးထမ်းနဲ့တိုက်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်တော်တို့ ဒီပခုံးထမ်းအားကိုးနဲ့ ကျွန်တော်တို့ မြို့ထဲထိ တက်တိုက်တယ်၊ အစစ်တလက်မှမရှိဘူး တိုက်တယ်၊ ကျွန်တော်တို့က ရိုးရှင်းတယ်၊ စစ်ကောင်စီစစ်ကြောင်းလဲတိုက်ဖို့ ကျွန်တော်တို့က…
Read More
အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။ Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More