Tag: ရေစကြိုမြို့နယ်
-

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီ၏ ခလရ ၂၅၆၊၂၅၇၊ ၂၅၈ တပ်မှ အင်အား (၁၀၀) နီးပါးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆန်းသစ်ကျေးရွာ မြောက်ဘက်တွင် မေလ (၉) ရက်နေ့ နက်နံ (၇) နာရီကျော်က (၁) နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်စစ်ကြောင်းကို Southern YSO PDF “နတ်မိကျောင်း စစ်ဆင်ရေး”မှ ဦးစီးပြီး Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နှင့် BNRA အဖွဲ့တို့မှ ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDFထံမှ သိရသည်။ -

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး
RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=q9FbFbEWkSA[/embedyt]
#RedNewsAgency #REDNEWS #RNA #AhNyar
-

ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ၏ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းရှိ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့်တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်၊ ကျည်တို့ ယူဆောင်လာပြီး ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Southern YSO PDF ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။
#RedNewsAgency #RedNews #RNA
-

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ
RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။
ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။
[embedyt] https://www.youtube.com/watch?v=AG_Fmg1Rbf4[/embedyt]
မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့ ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။
#RedNewsAgency
-

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။








