ပဋိပက္ခ

မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့်အခြေအနေနှင့် ကြုံနေရကြောင်း ကုလအတွင်းရေးမှူး ပြော

မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့်အခြေအနေနှင့် ကြုံနေရကြောင်း ကုလအတွင်းရေးမှူး ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အာရုံစိုက်မှု လျော့နည်းလာမည့် အခြေအနေကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။ ယခု စက်တင်ဘာလကုန်ပိုင်းတွင်း ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းပြောကြားချိန်တွင် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပွားနေသည့် စစ်ပွဲများ၊ စီးပွားရေးအကျပ်အတည်းများနှင့် အခြားသောဖြစ်ရပ်များကြောင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ အာရုံစိုက်မှု လျော့နည်းနိုင်သည့် အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ဖြစ်သည်။ “အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမြင့်တက်နေတဲ့ မြန်မာ့ပဋိပက္ခဟာ အခြားကမ္ဘာ့အရေးတွေကြားမှာ မှေးမှိန်နေပြီး အာရုံစိုက်မှုလျော့နည်းသွားမယ့် အခြေအနေနဲ့ ကြုံတွေ့နေပါတယ်”ဟု အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ ဂါဇာကို အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအပါအဝင် ယူကရိန်းစစ်ပွဲနှင့် ဆူဒန်စစ်ရေးပဋိပက္ခအခြေအနေများကို ပြောကြားချိန်…
Read More
Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Red News / Fact Check   ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။   စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ ------------------------------------ မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank)…
Read More

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_မတ်(၁)၊၂၀၂၅ခုနှစ်။ လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=I1Jxp3ZObH4[/embedyt] #rednewsagency #rednews #rna #myanmar #news #burma
Read More
”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ" ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။ (more…)
Read More