Tag: ပခုက္ကူခရိုင်

  • ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းရှိ ရဲဘော်များအားလုံးပါဝင်သော တပ်ရင်းစုဖွဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပ

    ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းရှိ ရဲဘော်များအားလုံးပါဝင်သော တပ်ရင်းစုဖွဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပ

    RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံး ပါဝင်သော တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့သည်။

    ပခုက္ကူခရိုင် အမှတ် -၆ တပ်ရင်း- Myaing Villages Revolution Front (MVRF) အနေဖြင့် ဒေသတွင်းမဟာမိတ်များဖြင့် တိုက်ပွဲဝင်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား (၁၆၆) ဦးသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိသူ (၆) ဦးရှိကြောင်း၊ တိုက်ပွဲများအတွင်းမှ G3 ၅ လက်၊ G4 ၁ လက်၊ Ma4 ၃ လက်၊ Ma 1 ၇ လက်၊ Ma5 ၁ လက်၊ ကာဘိုင် ၃ လက်၊ Ma2 ၃ လက်၊ Ma3 ၅ လက်၊ Ma 11 ၁ လက်၊ 79 mm ၁ လက်၊ Ba 100 ၆၀ mm ၁ လက်၊ ပြောင်းရှည် ၁ လက်၊ M16 ၂ လက် ဒုတိယ ကမ္ဘာစစ်သုံး ခါချိုး ၂ လက်တို့ကို သိမ်းဆည်းရမိကာ၊ ရိက္ခာကား ၂ စီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ၁၂ ဘီးကား ၂ စီးသိမ်းဆည်းနိုင်ခဲ့သည်ဟု MVRF က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    RNA_စက်တင်ဘာ(၁၅)၊၂၀၂၄ ခုနှစ်။
     
    အညာဒေသမှာ အမျိုးသားတွေက လက်နက်ကိုင်တိုက်ပွဲဝင်နေရသည့်အတွက် အမျိုးသမီးတွေ ဦးဆောင်ပြီး မိသားစုကို ရုန်းကန်နေရမှုများအပါအဝင် လက်နက်ကိုင်အမျိုးသမီးတွေ ရုန်းကန်နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၄) ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က စစ်သင်တန်းတာဝန်ခံ တဦးလည်းဖြစ်သလို ဘဏ္ဍာရေးမှူးဖြစ်တဲ့ ရဲဘော်မြူနဲ့ ထီးလင်းမြို့နယ် စစ်ဘေးရှောင်ကူညီရေး လုပ်နေသည့် ဆရာမ ဒေါ်ဖြူဖြူဝင်းတို့က ဒေသတွင်းအခြေအနေများကို ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=ANIMZ4InI-M[/embedyt]
     
    #RedNewsAgency #RNA #AhNyar

  • PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

    PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

    RNA_စက်တင်ဘာ(၅)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစက်ရုံရဲကင်းစခန်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖိအားပေးတိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ စက်တင်ဘာလ ၄ ရက်နေ့က စခန်းစွန့်ခွါ ထွက်ပြေးသွားကြကြောင်း သိရသည်။


    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

    စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=IMlUVxz4wtY[/embedyt]
     
    ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊ မိုင်းပွိုင့်များအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခံရပြီးနောက် ဇီးပြားရဲစခန်းဘက် ဆုတ်ခွါသွားခဲ့ကြောင်း၊ လမ်းလျှောက် စစ်ကောင်စီတပ်မှ သေဆုံးသူ ၈ ဦးဝန်းကျင်ရှိကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ဇီးပြားရွာရဲစခန်းနှင့် သရော်ကိုင်းရွာမှပျူများ အသံချဲ့စက်များဖြင့် အနီးဝန်းကျင်မှ မီးရှို့မည်ဖြစ်ကြောင်း၊ ပစ်သတ်မည်ဖြစ်ကြောင်းအပါအဝင် အကြားဝံ့မနာသာ စကားလုံးများဖြင့် ဆဲဆိုနေကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
     
    #RedNewsAgency

  • လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

    လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

    RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။

    စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်သေနတ် အများစုဖြင့်သာ ကာကွယ်နေရကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တို့ထံမှ သိရသည်။

    “ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တော်တော်များများက လက်နက်အစစ်ရှားပါသေးတယ်၊ မိုင်းခွဲမယ်၊ အဝေးပြစ်တွေနဲ့ ပစ်မယ်၊ ကြားဖြတ်တိုက်မယ်ဆိုရင်တော် မဟာမိတ်တွေနဲ့ စုလုပ်ရပါတယ်။ ရဲဘော်တွေအနေနဲ့ သူပစ် ကိုယ်ပစ်ကြားမှာ အချိန်မရွေးထိခိုက်နိုင်တာပေါ့ အဲဒီအချိန်ဆို စိတ်ထိမ်းနိုင်ဖို့ခက်တယ်၊ ဒီစခတွေကို တော်တော်မုန်းနေကြတာဗျ၊ လူသတ်မီးရှို့ ဖျက်ဆီးနေတာကို အမျိုးမျိုးလည်း ကြိမ်ဆဲကြတာပေါ့၊ ပစ်စရာရှိ ပစ် ပြေးစရာရှိ ပြေးရတာပဲ၊ နယ်မြေစိုးမိုးမှု ဒီကောင်တွေမရအောင် ခုခံနေကြရတာပါ” ဟု တိုက်ပွဲဝင် ရဲဘော်တဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=2A2GYxsJN6k[/embedyt]

    ယခုတပတ် ပေါက်တောင်ပိုင်းဒေသအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း (ပေါက်တောင်ပိုင်းပြောက်ကျားတပ်)၊ Daewah Yatkha Team တပ်ဖွဲ့နှင့် Rocket Fighter တပ်ဖွဲ့ စသည်တို့ ပူးပေါင်းကာ ခုခံကာကွယ်ခဲ့ကြကြောင်း သိရသည်။

    Red News Agency

  • ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

    ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

    RNA_‌မတ်(၄)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။

    (more…)

  • ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

    ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

    စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

    RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်ကောင်စီ မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့သည်ဟု မြိုင်ပကဖ Telegram တွင် အသိပေးထားသည်။

    ဓာတ်ပုံ – မြိုင်ပကဖ 

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တပ်စခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ၂၊ တပ်ခွဲ (၃)၊ မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MCKCစသည့် မဟာမိတ်များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – မြိုင်ပကဖ 

    (သေဆုံးနေသည့် စစ်ကောင်စီတပ်သားများပုံ ကြည့်လိုပါက https://t.me/rednewsagency/1520 နှိပ်ပါ)

    #RedNewsAgency

  • ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။

    သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄ လုံး၊ Phone ၃ လုံး၊ Power bank ၁ လုံး၊ Equipment ၁ ခု၊ ရေဗူး ၁ ဗူး၊ Super custom ကား ၁ စီး၊ ဗလာကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့သည်။

    (more…)