RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် (၁၆) ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံးပြီး မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Columnမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးခဲ့သည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗမာ့တပ်တော်(BA)ထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ်အတွင်း ပြည်သူ့နေအိမ် ၄၀၀ ကျော်အား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ပြည်သူ ၆ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းသည် အထိအခိုက်နှင့်အသေအဆုံးများသည့်အတွက် တိုက်ပွဲအများအတွင်း လေကြောင်းပစ်ကူများရယူခဲ့ရသည်ဟု သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဗမာ့တပ်တော်(BA) အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲမှုအောက်ရှိ ALPHA စစ်ကြောင်း၊ BRAVO စစ်ကြောင်း၊ ဧရာဘီလူးစစ်ကြာင်းများနှင့် မဟာမိတ်တပ်များဖြစ်သည့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် ၊ မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ ဒေါင်းညီနောင် LPDF၊ SLN LPDF၊ မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း SR-7၊ မကွေးပကဖစစ်ကြောင်း၊YENANTHAR COLUMN၊ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ မကွေးတိုင်းဒရုန်းတပ်ဖွဲ့၊ စလင်း ပလဖ (ယာယီ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
#RedNewsAgency #REDNEWS #RNA