RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်းလေးတောင်၌ ဗိုလ်မှူး လင်းထက် ဦးစီးလာသော အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်း (၂) ကြောင်းခွဲကာ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ကသာမြို့ ခမရ-၃၀၉ မှထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းစစ်ကြောင်းအား EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ မတ်လ (၁၅) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများကို အရှင်ဖမ်းဆီးရရှိမှုအပြင် လက်နက် (၅၄) လက်ပါ သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ တပ်မ (၇၇) လက်အောက်မှ အင်းတကော်အခြေစိုက် ခမရမှ ဦးဆောင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲ တက်လာခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ခံရပြီီး အသေအဆုံးများသည့်အပြင် ဖမ်းဆီးခံရမှုများပါ ရှိသည့်အတွက် အင်းတော်ကို မရောက်ရှိခင် စစ်ကြောင်းပျက်ကာ ခမရ ၃၀၉ တပ်အတွင်း ပြန်ဆုတ်သွားရသည်ဟု တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၂) ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA