21
Mar
RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်းလေးတောင်၌ ဗိုလ်မှူး လင်းထက် ဦးစီးလာသော အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်း (၂) ကြောင်းခွဲကာ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ကသာမြို့ ခမရ-၃၀၉ မှထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းစစ်ကြောင်းအား EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ မတ်လ (၁၅) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများကို…