ကင်းမရွာမီးလောင်မှု

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

RNA_‌မတ်(၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။ (more…)
Read More