Tag: စီပါရွာ

  • ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    “ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်”

    ကျော်ရန်နိုင်

    မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။

    အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာကနေ စစ်ဘေးမရှောင်နိုင်လို့ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ခေါင်းဖြတ်၊ ခြေဖြတ် လက်ဖြတ်မှုတွေနဲ့အတူ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဘုတလင်ဘက်ကို အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းကနေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်ဆိုရင် ဒီလိုဆိုးဆိုးရွားရွားတွေလုပ်နေတဲ့ စစ်ကြောင်းက တပ်မ (၃၃)ပါဝင်သလို သံတောင်က အထူးကွန်မန်ဒို သင်တန်းဆင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ကြောင်း ဘယ်နေ့ကနေ စထွက်လာပြီး ဘုတလင်မြို့နယ်ထဲမှာ ဘယ်လောက်ဆိုးဆိုးရွားရွားတွေလုပ်နေတာလည်းဆိုတာကို ပြောပြချင်ပါတယ်။

    (more…)