Tag: Southern YSO PDF
-

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီ၏ ခလရ ၂၅၆၊၂၅၇၊ ၂၅၈ တပ်မှ အင်အား (၁၀၀) နီးပါးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆန်းသစ်ကျေးရွာ မြောက်ဘက်တွင် မေလ (၉) ရက်နေ့ နက်နံ (၇) နာရီကျော်က (၁) နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်စစ်ကြောင်းကို Southern YSO PDF “နတ်မိကျောင်း စစ်ဆင်ရေး”မှ ဦးစီးပြီး Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နှင့် BNRA အဖွဲ့တို့မှ ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDFထံမှ သိရသည်။ -

ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ
ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများRNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။ရွှေကုက္ကိုက တရုတ်များ စက်သုံးဆီကို ရသလောက်ဝယ်ယူနေကြောင်း၊ တေးရေးဆရာ နိုင်မြန်မာအား ရည်စူးပြီး ကုသိုလ်ပြုလုပ်ပွဲ၊ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရမှု သတင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ကာစီနီုလောင်းကစား ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည့် သတင်းစသည်တို့ကို တင်ပြထားသည်။#RedNewsAgency #RNA #rednews -

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း
RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ -

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။
ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
-

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး
RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=q9FbFbEWkSA[/embedyt]
#RedNewsAgency #REDNEWS #RNA #AhNyar
-

ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ၏ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းရှိ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့်တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်၊ ကျည်တို့ ယူဆောင်လာပြီး ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Southern YSO PDF ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။
#RedNewsAgency #RedNews #RNA
-

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့
RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=Jg0ad85LRKA[/embedyt]မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှင်းပြသော်လည်း မြေပြင်လိုအပ်ချက်ကို လျစ်လျူရှုငြင်းပယ်ခံခဲ့ရပြီး၊ မြို့နယ် ပကဖ နှင့် စကားချေတင် ပြောဆိုခဲ့ရပါသေးကြောင်း၊ Southern YSO အဖွဲ့သည် BNRA လက်အောက်ခံမဟုတ်မဟုတ်ကြောင်းနှင့် တော်လှန်ရေး လုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သည်သာဖြစ်သည်ဟု ပြောကြားထားသည်။#RedNewsAgency -

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ
RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။
ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။
[embedyt] https://www.youtube.com/watch?v=AG_Fmg1Rbf4[/embedyt]
မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့ ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။
#RedNewsAgency
-

အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ
RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။

-

စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်သွာစဉ် ရဲဘော်(၇) ဦးကျဆုံး
RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာဘက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ရန်သွားစဉ် စောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် (၇) ဦး ဖေဖော်ဝါရီ (၁၂) ရက်နေ့က ကျဆုံးခဲ့ရသည်။

Shwe Nyar Myae People Defense Force မှ ရဲဘော် (၄) ဦး၊ ညီနောင်သုံးဖော် အဖွဲ့မှ (၁) ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် (၁)ဦး၊ ဒေသခံ ရဲဘော် (၁) ဦးတို့သည် စစ်ကောင်စီတပ်က ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။

