ပါတီဝင်

ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။ " ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။…
Read More
NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ ခုနှစ်။   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ အသက် (၁၇) နှစ်အရွယ် ပါအဝင် အမျိုးသား (၆) ဦးကို စစ်ကောင်စီလက်အောက်ခံ မြင်းခြံမြို့ သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့က ကားနှစ်စီးနှင့်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။ မင်းရွာမှ NLD ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ကိုမင်းဇော်၊ ကိုဟန်တင်နှင့် ကိုစိုးပိုင်၊ ကိုအောင်ကိုမင်း (အသက် ၁၇ နှစ်) တို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More