BNRA

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀…
Read More
BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် - ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency
Read More
၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူ အင်အား (၇၀) ခန့်ပါ စစ်ကောင်းကို BNRA စေတန်တပ်ဖွဲ့နှင့် ဒေသခံတပ်ရင်းများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဖေဖော်ဝါရီလ (၃) ရက်နေ့က နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြား တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၂ ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီလက်အောက်ခံပူးပေါင်းစစ်ကြောင်းသည် မအူကျေးရွာကိုဆင်းပြီး တောပုရွာ(ပျူရွာ) ဝင်ပြီး ပျူများနှင့်ပူးပေါင်းရာ ညောင်ဖြူပြင်စစ်ကောင်စီစခန်းညအိမ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့ မအူသို့ပြန်လည်ထွက်ခွါချိန် နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြားတွင် တော်လှန်ရေးအင်အားစုများက နံနက် ၉ နာရီ ၂၀ မိနစ် ဝန်းကျင်မှ နေ့လယ်…
Read More
ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။   လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။ #RedNewsAgency
Read More
BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။   ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။   Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။   မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို…
Read More