28
May
RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။ ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။ (more…)