Tag: လုံးခင်း

  • စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

    စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

    RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။

    ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။

    (more…)

  • အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

    အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

    RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။

    အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။

    (more…)

  • ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။

    “နေမင်းကမ္ဘာ” နှင့် “မြန်မာတကောင်း” တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။

    “သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့” ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

    အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။

    ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်သွားကြသော်လည်း ဦးကျော်ဆွေနှင့် အချို့သော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏အလိုကျ လိုက်နာဆောင်ရွက်နေကြဆဲဖြစ်သည်။

    #RedNewsAgency

  • အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

    အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

    RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။

    ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

    ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ မန္တလေးမြို့တွင် ” မင်္ဂလာ” ပုဂ္ဂလိက ဆေးရုံပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

    (more…)

  • ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

    ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

    RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

    ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။

    သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။

    ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

    #RedNewsAgency

  • ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

    ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

    RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။
     
    ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။

    (more…)

  • မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

    မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

    RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။

    အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

    စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

    RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။
     
    ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး “NUG အလိုမရှိ”ဟု အော်ခိုင်းကြောင်း သိရသည်။
     
    “စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ “NUG အလိုမရှိ”လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်”ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

    (more…)

  • ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

    ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

    RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။

    ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော လက်နက်ကြီးနဲ့ ရမ်းပစ်တော့တာ၊ မီးမှိတ်ပြီး အိမ်အောက်ထဲ ဝပ်နေရတယ်”ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးမှ ပြည်သူတစ်ဦးက ပြောသည်။

    (more…)