Tag: Yenanthar Column

  • ၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

    ၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် (၁၆) ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံးပြီး မ​ကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Columnမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးခဲ့သည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗမာ့တပ်တော်(BA)ထံမှ သိရသည်။

    (more…)

  • ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံနှင့် သုံးမိုင်ပေါက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ခန့်ထိခိုက်နိုင်သည်ဟု မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း – ပွင့်ဖြူ PDF ထံမှ သိရသည်။
     
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နေ့လယ် ၂ နာရီကျော်တွင် မိနစ် (၃၀) ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီတပ်သည် ကြီးအုံကြီးဝ တမံသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှ ၆ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    (more…)

  • ရေနံ့သာစစ်ကြောင်းမှ ရဲဘော် မောင်စောဝေယံကျဆုံး

    ရေနံ့သာစစ်ကြောင်းမှ ရဲဘော် မောင်စောဝေယံကျဆုံး

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရွေ့လျားစစ်ကြောင်း Yenanthar Column ( ရေနံ့သာစစ်ကြောင်း) မှ ရဲဘော် မောင်စောဝေယံ (ခ) မောင် Flash သည် အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည်ဟု သိရသည်။

    #RedNewsAgency #RNA