29
May
RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် (၁၆) ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံးပြီး မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Columnမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးခဲ့သည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗမာ့တပ်တော်(BA)ထံမှ သိရသည်။ (more…)