Tag: ကန့်ဘလူ
-

ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး
RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။[embedyt] https://www.youtube.com/watch?v=4_DgMYRivCA[/embedyt]တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊ G3 သေနတ် ၃လက်၊ MA1 သေနတ် ၁ လက်စသည်တို့ကို သိမ်းဆည်းရမိပြီး ကင်းတဲ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင်တဦးထံမှ သိရသည်။စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုပါဝင်သည့် ရုပ်သံ အပြည့်အစုံကြည့်ရန် >>> https://t.me/rednewsagency/7190#RedNewsAgency -

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=NgLYdnoSY6k[/embedyt]“ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို မလိုလား၍ ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန့်သောအနေဖြင့် မြင်းမူမြို့နယ် ဘုန်းမကြီးကင်းကျေးရွာတွင် အင်အား ၈၅ဦးခန့် အထိုင်ချနေသော စစ်ခွေးများအား ၈၀မမ ဖြင့် ၈ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ခွေး၈ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်ကြောင်း သတင်းရရှိပါသည်။ စစ်ခွေးများဘက်မှလက်နက်ကြီး လက်နက်ငယ်ဖြင့် ပြန်လှန်ပစ်ခတ်မှု့ကြောင့်တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်
RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=eKnfKB2u8b0[/embedyt] -

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး
RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။” လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် ” ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ -

ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ
RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။

” ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။
-

ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ မောင်စိုးစံ (၁၈)နှစ်၊ ဦးမိုးဝင်းထွန်း (၃၀)နှစ်၊ ဦးကျော်စိုး (၃၅)နှစ်၊ ဦးဇော်ဇော် (၃၇)နှစ်၊ ဦးမြင့်ဦး (၅၀)နှစ်၊ ဦးဇော်မင်းစိုး (၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ (၃၀)နှစ်၊မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(8)တန်းကျောင်းသား၊ ဦးမျိုးအောင်(၂၅)နှစ်၊ ဇီးကနားကျေးရွာမှ ဦးထွန်းဦး(၃၅)နှစ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။Red News Agency -

NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်
RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။ (more…)
-

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး
RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။
” တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်” ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။ (more…)