သတင်း

အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်တည်တံ့ခိုင်မြဲရေး ကိုရှေးရှုလျက် အားလုံးပါဝင်သော အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက်စွဲကိုင်ထားပါသည်ဟု ထုတ်ပြန်ထားသည်။ NLD ပါတီအနေဖြင့် မူလစတင်တည်ထောင်ချိန်မှစပြီး အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီဖြစ်သည်ဟု ယနေ့ ကျနေရောက်သော ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ကြိုးပေးခံရသည်ဟု ကောလဟလထွက်ပေါ်ခဲ့သည့် ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ပြောင်းရွှေ့

ကြိုးပေးခံရသည်ဟု ကောလဟလထွက်ပေါ်ခဲ့သည့် ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ပြောင်းရွှေ့

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးပေးကွပ်မျက်မည်ဆိုသည့် ကောလဟလများထဲတွင် ပါဝင်ခဲ့သော ဇနီးမောင်နှံကို အင်းစိန်ထောင်မှ လွိုင်ကော်ထောင်ကို ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတဦီး​က စက်တင်ဘာ ၂၆ ရက်နေ့က ပြောကြားထားသည်။ ပြီးခဲ့သည့်တပတ်အတွင်း အင်းစိန်ထောင်တွင် ကြိုးပေးကွပ်မျက်မည်ဟု ကောလဟလ ထွက်ပေါ်လာမှုထဲတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးစွပ်စွဲခံထားရသည့် ကိုကောင်းထက် (ခ) ဖိုးစီ နှင့် ဇနီးဖြစ်သူ မချမ်းမြေ့သူ (ခ) ဂျူးဂျူး တို့အပါအဝင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ် ရထားပေါ်တွင် ရဲ (၅)…
Read More
ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

RNA_စက်တင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံတွင် စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ မရှိတော့သည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များက ထိန်းချုပ်ပြီး ရေလှောင်တမံ ကျိုးပေါက်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း ပြည်သူများ ရေဘေးမကြုံရရေးအတွက် နေ့စဉ်ထိန်းညှိ လုပ်ဆောင်နေသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

RNA_စက်တင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။ ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် သန်းခေါင်စာရင်းကောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ "မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသူများသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေးနေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် မိမိတို့ရှုမြင်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

RNA_စက်တင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇) ရက်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ချီတာစစ်ဆင်ရေး (Cheetah Operation) အဖြစ် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) ရဲဘော်များက စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း စက်တင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲအတွင်း ဖားကန့် KPDF ရဲဘော် စိုင်းအောင်အောင် (အသက် ၂၁ နှစ်)သည် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။ #RedNewsAgency #RNA
Read More
MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။ (more…)
Read More
ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။ မြန်မာနိုင်ငံမှ တိုင်ဖွန်းယာဂီအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။ နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တောင်းဆိုထားသည်။ #RedNewsAgency #RNA
Read More
ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေးအတွင်း ပြည်သူများသေဆုံးမှု စာရင်းများကို စစ်ကောင်စီက ဖုံးကွယ်ထားပြီီးလိမ်လည်ထုတ်ပြန်နေကြောင်း တွေ့ရှိရသည်။ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောကြားချက်ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီသတင်းစာ၌ ထည့်သွင်းဖော်ပြရာတွင် သပြေပင်ကျေးရွာ၌ ပြည်သူ (၈) ဦးသာသေဆုံးခဲ့သည်ဟု လိမ်လည်ပြောကြားထားသည်။ (more…)
Read More
အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့်ထိ ရောက်ရှိပြီီးလုံခြုံရေး အထူးတင်းကြပ်ထားသည်ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင်တွင်း ဝန်ထမ်းများကို၏ အဝင်အထွက်များကိုလည်း တင်းကြပ်ထားကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သွားရောက်ခဲ့သည်ဟု သိရသည်။ #RedNewsAgency #RNA
Read More