RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်သော ယနေ့ အစည်းအဝေးတွင် NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတာဝန်များနှင့် နိုင်ငံရေးတာဝန်များကို ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားထားသည်။
“ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ” တာဝန်ယူထားကြတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတာဝန်တွေနဲ့ နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင် အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သည့်မိန့်ခွန်းတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ထားသည့် သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြရန် တိုက်တွန်းထားပြီး၊ မြေငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး နိုင်ငံတကာအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် တိုက်တွန်းမှု အမြောက်အများရှိသည်ကို တွေ့ရှိရသည်ဟု ပြောကြားထားသည်။
#RedNewsAgency #REDNEWS #RNA