Tag: ဖလမ်းမြို့သိမ်း

  • မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။
     
    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။
     
    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

    ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

    RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ချင်းညီနောင် Operation CB ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်များရိုက်ကူးထားသော မြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=6cE8HIan1kA[/embedyt]

    #RedNewsAgency #REDNEWS #RNA