RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်အထိ လာရောက်ပစ်ကူပေးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း (စလင်း-ပကဖ) ကအသိပေးထားသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော စလင်း- ပကဖ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်အောင် (LPDF)၊ Bamar Army (ဗမာ့တပ်တော်)၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA