RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ (၉)ရက်နေ့က စတင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြို့သိမ်းစစ်ဆင်ရေးအတွင် မြေပြန့်ဒေသမှတော်လှန်ရေးအင်အားစုများဖြစ်သော 96 Soldiers-PDF အညာဒေသတပ်ခွဲ၊ Anti-Fascist Internationalist Front(AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF ယမ်းအဖွဲ့)၊ Generation Z Army(GZA)၊ Giant Revolution Force (GRF)၊ Harmonious Northern Brothers (HNB)၊ Kalay Revolution Force(KRF)၊ Kalay Urban Guerrilla(Kalay UG)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf(RAW Medical Team)၊ Sagaing Federal Troop (SFT-စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု)၊ Yaw Defense Force(YDF)၊ Zo Army (ZA)၊ ကလေးခရိုင် ပကဖ Drone အဖွဲ့တို့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။
#RedNewsAgency #REDNEWS #RNA #AhNyar #PDF #Burma